
တောင်ပံတိုက်စစ်ကစားသမား အန်တိုနီကို ဒုတိယအကြိမ် အခွင့်အရေးပေးဖို့ မန်ယူအသင်းကို ဂန္ထဝင်ဂိုးသမားကြီး ဗန်ဒါးဆားက တိုက်တွန်းသွားပါတယ်။
ဘရာဇီးကစားသမားဟာ နည်းပြတန်ဟတ်ဂ်နဲ့ အာမိုရင်တို့ လက်ထက်မှာ စွမ်းဆောင်ရည်ကောင်း ထုတ်ပြနိုင်ခြင်း မရှိခဲ့ဘဲ မနှစ်က ရာသီဝက်ကာလကို စပိန်ကလပ် ဘက်တစ်အသင်းမှာ အငှားထွက် ကစားခဲ့ပါတယ်။
ဘက်တစ်နဲ့ ၅ လတာကာလအတွင်း ၂၆ ပွဲ ကစားပြီး ၁၄ ဂိုး သွင်းခဲ့တဲ့ အန်တိုနီကို နောက်ထပ်တကြိမ် အခွင့်အရေးပေးသင့်ပြီး နောက်တနှစ် ဆက်ထိန်းထားသင့်ကြောင်း ဗန်ဒါးဆားက တိုက်တွန်းခဲ့တာပါ။
တဖက်မှာတော့ မန်ယူအသင်းက ကူညာကို ခေါ်ယူပြီး အမ်ဘူမိုကိုလည်း ချိတ်ဆက်နေတာကြောင့် အန်တိုနီကို ရောင်းချဖို့ ဆုံးဖြတ်ထားတာ ဖြစ်ပါတယ်။