
မန်ယူအသင်းဟာ တိုက်စစ်မှူးနေရာအတွက် ဂျာမန်ကလပ် ဖရန့်ဖတ်တိုက်စစ်မှူး ဟူဂိုအက်ကီတီကီကို ခေါ်ယူဖို့ ကြိုးပမ်းနေတယ်လို့ သိရပါတယ်။
စပို့တင်းတိုက်စစ်မှူး ဗစ်တာယိုကရက်စ်ကို ဦးစားပေး ခေါ်ယူလိုပေမဲ့ ကစားသမားဖြစ်သူက အာဆင်နယ်ဆီ ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေတာကြောင့် အက်ကီတီကီကို ပြောင်းလဲ ကြိုးပမ်းလာတာ ဖြစ်တယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။
အသက် ၂၂ နှစ်ရှိ ပြင်သစ် ယူ ၂၁ တိုက်စစ်မှူးဟာ မနှစ်ရာသီက ဖရန့်ဖတ်အတွက် ၄၅ ပွဲမှာ ၂၂ ဂိုး သွင်းခဲ့ပြီး အသင်းရဲ့ ဂိုးအများဆုံး ကစားသမား ဖြစ်ခဲ့တာပါ။
အက်ကီတီကီကို ခေါ်ယူဖို့ ချဲလ်ဆီးနဲ့ လီဗာပူးအသင်းတွေကလည်း စိတ်ဝင်စားနေတာကြောင့် မန်ယူအသင်းဘက်က လက်ဦးမှုရယူနိုင်မှသာ ခေါ်ယူနိုင်လိမ့်မယ်လို့ ဆိုပါတယ်။
ဖရန့်ဖတ်အသင်းဟာ ထိပ်တန်းအသင်းတွေရဲ့ပစ်မှတ် ဖြစ်လာတဲ့ အက်ကီတီကို အတွက် ပေါင်သန်း ၈၀ အထိ ဈေးနှုန်းသတ်မှတ်ထားတယ်လို့ သိရပါတယ်။