
ချင်းပြည်နယ် ၊ ဟွာလ်ငိုးရမ်းဒေသကို အရေးပေါ်အခြေအနေ (State of Emergency) အဖြစ် Hualngoram People’s Organization (HPO/CDF-Hualngoram) က ဒီကနေ့ ဇွန် ၁၆ ရက်မှာ ကြေညာပါတယ်။
ဟွာလ်ငိုးရမ်းဒေသအတွင်း လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေအရပ်ရပ်အရ တရားဥပဒေစိုးမိုးရေး (Law and Order) ကောင်းမွန်စွာလည်ပတ်နိုင်ဖို့နဲ့ ပြည်သူတွေ ဘေးကင်းလုံခြုံဖို့အတွက် ဒီကနေ့ ဇွန် ၁၆ ရက်ကစပြီး နောက်ထပ် ထုတ်ပြန်ချက် မထုတ်မချင်း အရေးပေါ်အခြေအနေ အဖြစ် ကြေညာလိုက်တယ်လို့ HPO/CDF-Hualngoram ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဇွန် ၁၅ ရက်က ကျင်းပတဲ့ HPO- office Bearer အစည်းအဝေးဆုံးဖြတ်ချက်အရ ခုလို ကြေညာတာလို့ ဆိုပါတယ်။
အရေးပေါ်အခြေအနေအဖြစ် ကြေညာချက်ထုတ်ပြန်တာနဲ့ ပတ်သတ်ပြီး အသေးစိတ်ကို DVB က ဆက်လက်စုံစမ်းနေဆဲပါ။
ကေခိုင်