
ဂျာမန်စစ်တပ် ဘွန်းဒက်များကို မကြာသေးမီနှစ်တွေအတွင်း လူအများလက်ခံမှု တိုးလာလို့ ဂျာမနီဟာ စစ်ပြန် စစ်မှုထမ်းဟောင်းများနေ့ကို ပထမဆုံးအကြိမ်အဖြစ် ဇွန် ၁၅ ရက်မှာ ကျင်းပခဲ့ပါတယ်။
အရန်ဝန်ထမ်း တပ်ကြပ်ကြီး ဟယ်လ်ဂါရှင်းက ဘာလင်မြို့သားတယောက် အနေနဲ့ ၁၉၉၂ မှာ သူဆန္ဒအလျောက် လက်နက်ကိုင်တပ်ထဲ ဝင်ခဲ့ပြီး စစ်အေးခေတ်က ဂျာမန်ဥပဒေကြောင့် စစ်မှုထမ်းဖို့ တာဝန်မရှိခဲ့ဘူးလို့ ပြောပါတယ်။
အဲဒီအချိန်မှာ အနောက်ဂျာမနီလူငယ်တွေသာ စစ်မှုထမ်းခဲ့ကြပေမဲ့ အရင်က ပိုင်းခြားထားတဲ့ ဘာလင်မြို့တော်မှာ နေထိုင်သူတွေ မဟုတ်ဘူးလို့လည်း သူက ပြောပါတယ်။
အစားအသောက်ဆိုင်နဲ့ စင်မြင့်အနားမှာ ရပ်နေတဲ့ ရှင်းက “မိသားစု၊ သူငယ်ချင်း၊ ဆွေမျိုးတွေ၊ အသိအကျွမ်းတွေနဲ့ အိမ်နီးနားချင်းတွေက ငါ့နောက်မှာ ရှိနေတာကို သတိထားမိခဲ့တယ်၊ ကျနော်တို့နိုင်ငံမှာ အခုအချိန်မှာ သူတို့စိတ်ပြောင်းနေပြီလို့ ကျနော် ယုံကြည်ပါတယ်” လို့ ပြောပါတယ်။
ယူကရိန်းက ထောင့်စွန်းလေးမှာရှိပြီး အရှေ့အလယ်ပိုင်း ပဋိပက္ခကလည်း မဝေးလှဘူးလို့ သူက ပြောပါတယ်။
ဂျာမနီ စစ်ပြန် စစ်မှုထမ်းဟောင်းများဗျူရို အကြီးအကဲ မိုက်ခယ် ခရောက်ဇီက သူ့အဖွဲ့အစည်းဟာ အဖွဲ့ဝင် ၁၀ သန်းကို ကိုယ်စားပြုတယ်လို့ ပြောပါတယ်။
“စစ်မှုထမ်းဟောင်းတွေကို လေးစားမှု၊ အသိအမှတ်ပြုမှုနဲ့ ကျေးဇူးတင်မှုကို ဖော်ပြခြင်းဟာ ကျနော်တို့ စတင်လုပ်ဆောင်နေတဲ့အရာ ဖြစ်တယ်” လို့ ခရောက်ဇီက ပြောခဲ့ပါတယ်။
Source: Reuters