
World Naked Bike Day အထိမ်းအမှတ်အဖြစ် ဗြိတိန်နိုင်ငံ မြို့တော်လန်ဒန်နဲ့ မက္ကဆီကိုနိုင်ငံ မြို့တော် မက္ကဆီကိုစီးတီးမှာ ဇွန် ၁၄ ရက်က လုံးတီးစက်ဘီးစီးပွဲတွေ အပြိုင်အဆိုင် ဆင်နွှဲခဲ့ကြပါတယ်။
စက်ဘီးစီးနင်းသူတွေ ဘေးကင်းရေးကစလို့ ခန္ဓာကိုယ်နဲ့ ပတ်သက်ပြီး အပြုသဘော အမြင်ရှိရေး ရည်ရွယ်လှုပ်ရှားတာ ဖြစ်ပါတယ်။
မက္ကဆီကိုစီးတီးမှာ ကျင်းပလာတာက ၁၈ ကြိမ်မြောက်ဖြစ်ပြီး ဒီနှစ်မှာ စက်ဘီးစီးနင်းသူ မတော်တဆမှု လျှော့ချရေး အထူးရည်ရွယ်တာ ဖြစ်ပါတယ်။
လန်ဒန်မှာတော့ လုံးတီးစီးနင်းသူတွေဟာ ဘက်ကင်ဟမ်နန်းတော်၊ ဘစ်ဘန်းနာရီစင်နဲ့ ထရာဖယ်လ်ဂါရင်ပြင် အပါအဝင် မြို့တော် အထင်ကရနေရာတွေမှာ ပတ်ပြီး စီးနင်းခဲ့ကြပါတယ်။
ရာနဲ့ချီတဲ့ လုံးတီးစက်ဘီးသမားတွေကြောင့် အံ့ဩမင်သက်ခဲ့ကြသလို ဩဘာပေးခဲ့ကြသူတွေလည်း အများအပြား ရှိခဲ့ပါတယ်။
Source: Reuters