
အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်မြို့လယ်ကောင်က ဧရိယာကို ရှင်းလင်းဖို့ ကြိုးပမ်းရင်း ရဲတွေက ဆန္ဒပြသူတွေကို ဇွန် ၁၄ ရက်မှာ မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။
ခုသီတင်းပတ်အစောပိုင်းမှာ ဆန္ဒပြသူတွေနဲ့ အရာရှိတွေကြား ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့တဲ့ အဒ်ဝါ့ဒ် အာရ် ရိုင်ဘယ် ဖယ်ဒရယ် အဆောက်အအုံကို စောင့်ကြပ်နေတဲ့ မရိန်းတပ်သားတွေနဲ့ ဆန္ဒပြသူ အများအပြားဟာ အစောပိုင်းမှာ ရင်ဆိုင်ခဲ့ကြပြီး ရပ်စောင့်နေတဲ့တပ်သားတွေကို လူအုပ်ကြီးက အော်ငေါက်ခဲ့ကြတာပါ။
ပြည်ထောင်စု လူဝင်မှုကြီးကြပ်ရေးဌာနရဲ့ စီးနင်းမှုတွေကြောင့် လော့စ်အိန်ဂျလိစ်မှာ သီတင်းတပတ်ကြာ တင်းမာခဲ့ပြီးတဲ့နောက် စနေနေ့က ဆန္ဒပြခဲ့ပါတယ်။
အဲဒီမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ငြိမ်းချမ်းရေးကိုထိန်းသိမ်းဖို့ အမျိုးသား အစောင့်တပ်တွေနဲ့ အမေရိကန်မရိန်းတပ်တွေကို တောင်းဆိုခဲ့ပါတယ်။
Source: Reuters