
Air India လေယာဉ်ပျက်ကျတဲ့နေရာမှာ ခရီးစဉ်အတွက် အင်မတန်ရေးပါတဲ့ Black Box တခုကို ရှာတွေ့ပြီလို့ လေကြောင်းသယ်ယူပို့ဆောင်ရေးဝန်ကြီးက အတည်ပြုပါတယ်။
အခင်းဖြစ်ပြီးနောက် ၂၈ နာရီအတွင်း အိန္ဒိယလေယာဉ်မတော်တဆမှု စုံစမ်းစစ်ဆေးရေးဗျူရိုအဖွဲ့ (AAIB) က Black Box ကို ပြန်ရယူနိုင်ခဲ့တာလို့ ဆိုပါတယ်။
Black Box အဖြစ်သိထားကြတဲ့ လေကြောင်းခရီးစဉ်ဆိုင်ရာ အချက်အလက်မှတ်တမ်းတင် အီလက်ထရောနစ်ကိရိယာဟာ အရွယ်အစားအရ သေးငယ်ပေးမယ့်လည်း အလွန်ခိုင်ခံ့မှု ရှိပါတယ်။
ပုံမှန်အားဖြင့် လေယာဉ်တွေမှာ Black Box ၂ လုံးပါဝင်လေ့ရှိပြီး အဲဒီထဲကတခုဟာ အမြင့်ပေနဲ့ အမြန်နှုန်းလိုမျိုး လေယာဉ်နဲ့သက်ဆိုင်တဲ့ အချက်အလက်တွေကို မှတ်တမ်းတင်ပေးပါတယ်။
နောက်တခုကတော့ လေယာဉ်မောင်းတဲ့အခန်းရဲ့ အသံမှန်သမျှကို ဖမ်းယူထားပြီး ဒါဟာ လေယာဉ်မှူးတွေကြား စကားပြောဆိုတာနဲ့ ပုံမှန်မဟုတ်တဲ့ ဆူညံသံတွေအထိ ပြန်နားထောင်နိုင်ဖို့ ဖြစ်ပါတယ်။
ဒါမှပဲ အခင်းဖြစ်ရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးရေးအဖွဲ့တွေက ဖော်ထုတ်နိုင်မှာ ဖြစ်ပါတယ်။
Air India ရဲ့ ထုတ်ပြန်ချက်အရ Boeing 787 - Dreamliner လေယာဉ်ပေါ်မှာ အိန္ဒိယနိုင်ငံသား ၁၆၉ ယောက်၊ ဗြိတိန်နိုင်ငံသား ၅၃ ယောက်၊ ပေါ်တူဂီနိုင်ငံသား ၇ ယောက်နဲ့ ကနေဒါနိုင်ငံသား ၁ ယောက်တို့ လိုက်ပါလာခဲ့ပြီး တယောက်ပဲ ရှင်ကျန်ခဲ့တယ်လို့ သိရပါတယ်။
Source: Reuters