
ဆီးရီးယားမြို့တော် ဒမတ်စကတ်အပြင်ဘက် ကျေးလက်ဒေသမှာ ပါလက်စတိုင်း စစ်သွေးကြွအဖွဲ့ ဟားမတ်စ် အဖွဲ့ဝင်တွေကို ဖမ်းဆီးခဲ့တယ်လို့ အစ္စရေးစစ်တပ်က ဇွန် ၁၂ ရက်မှာ ပြောပါတယ်။
အစ္စရေးစစ်တပ်က ထုတ်ပြန်တဲ့ ဗီဒီယိုဖိုင်မှာ ညအချိန် ဝင်ရောက်စီးနင်းခဲ့ပြီး တပ်ဖွဲ့ဝင်တွေဟာ ဆီးရီးယားနိုင်ငံမှာ အစ္စရေးပြည်သူတွေနဲ့ IDF စစ်တပ်သားတွေကို တိုက်ခိုက်ဖို့ကြံစည်နေတဲ့ ဟားမတ်စ် အကြမ်းဖက်သမား အများအပြားကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ စစ်တပ်က ပြောကြားခဲ့ပါတယ်။
ဆီးရီးယားနိုင်ငံမှ အလ်အက်ခ်ဘာရီယာ ရုပ်သံမှာတော့ အစ္စရေးတပ်ဖွဲ့ဝင်တွေဟာ ဆီးရီးယားနိုင်ငံသား တယောက်ကို သတ်ဖြတ်ခဲ့ပြီး ၇ ယောက်ကို ဖမ်းဆီးခဲ့ကြောင်း ဖော်ပြပါတယ်။
ဖမ်းဆီးခံရသူတွေကို စစ်ဆေးမေးမြန်းဖို့ အစ္စရေးကို ခေါ်ဆောင်သွားကြောင်း အစ္စရေးစစ်တပ်က ပြောကြားပြီး အဲဒီဒေသမှာ တွေ့ရှိခဲ့တဲ့ လက်နက်ခဲယမ်းတွေကိုလည်း သိမ်းဆည်းသွားတယ်လို့ လည်း ဆိုပါတယ်။
Source: Reuters